Monday, April 26, 2010

ခိုင်မြဲကျော်စွာ

ခိုင်မြဲကျော်စွာ ဟာ မြန်မာနိုင်ငံသား ကဗျာဆရာတစ်ဦးဖြစ်ပါတယ်။
ထိပ်တန်းကဗျာဆရာနဲ့ အပျော်တမ်း Hip Hop ဆိုတဲ့လူငယ်လေးနဲ့ဆိုရင် အပျော်တမ်း Hip Hopဆိုတဲ့လူငယ်လေးကိုပဲ လူသိများပါတယ်။ ကဗျာဆရာဘ၀ဆိုတာ .... သိပ်တန်ဖိုးထားရတဲ့ အချည်နှီးဖြစ်မှုတစ်ခုပဲဖြစ်လေမလား ... ။

ကဗျာတစ်ပုဒ်ရဲ့ ဈေးကွက်ပေါက်ဈေးဟာ ကျွန်တော်တို့ အတွင်းမှာဝတ်တဲ့ T-shirt တစ်ထည်ထက် ဈေးနည်းနည်းပေါသေးတယ်။ ဒါပေမယ့် ကဗျာရဲ့ လွှမ်းမိုးမှုကတော့ ... သေရင် ပါမယ်ဆိုတဲ့ ဒါန သီလတွေနဲ့ တစ်တန်းထဲပဲ ...။

ခိုင်မြဲကျော်စွာဟာ ရိုးရင်းတဲ့ကဗျာလေးတွေထဲမှာ အတွေးလေးတစ်ချို့သိမ်သိမ်မွေ့မွေ့ပစ်ထည့်တတ်တဲ့ကဗျာဆရာဖြစ်ပါတယ်။ကဗျာတွေကနေတစ်ဆင့် သူမြင်ရတဲ့လောကကြီးကို အရင်းအတိုင်းပြန်တင်ပြပါတယ်။ မကြာမကြာ သူဟာ ကျွန်တော်တို့အကြောင်းပြောနေတာလား .. ကျွန်တော်တို့တွေအားလုံးက ခေတ်ရဲ့ clone လုပ်ခံလိုက်ရတဲ့ ထိုနည်းတူ အလားတူပစ္စည်းများပဲလားလို့ တွေးမိစေတတ်တဲ့ သူ့ကဗျာတွေကို အေးအေးဆေးဆေးလမ်းမှာ ... လှလှပပ ပြောပြသွားပါတယ်။ သူနဲ့ အတူ လမ်းလျှောက်ထွက်ရင်း သူ့လမ်းလေးဟာ ... ကျွန်တော်တို့ဖြတ်သွားတဲ့လမ်းလေးဖြစ်နေတာကို ယဉ်ယဉ်ကျေးကျေး ခံစားလိုက်ကြပါစို့ရဲ့လေ။



၎.
Category- Poem
Author- Khaing Mye Kyaw Zwar (ခိုင်မြဲကျော်စွာ)
Title- အေးအေးဆေးဆေးလမ်း
Publisher- မိုးကျော်အေး စာအုပ်တိုက်
Published Date- 2009 May
Is Bilingual-Yes
Languages-Myanmar,English
Translator- Aung Htape
Price -၁၈00 kyats
No. Of Pages-163

၁။ သဘောကောင်းသူ လူငယ်လေးရဲ့ ၂၀၀၄ မှတ်စု
၂။လမ်း ၃၀ ထိပ်က ခရမ်းသို့
၃။ယုန်ကုသိုလ်
၎။နတ်သား
၅။မှော်ဆရာမီးအိမ်
၆။ကိုဝဏ္ဏ(သို့မဟုတ်)မစိုက်ဖြစ်သေးတဲ့ စက်ရုံ
၇။နတ်ဝင်သည်တို့လမ်း
၈။ခိုသုံးကောင်ရဲ့အိမ်
၉။ကျော့ကျော့ခိုင်(သို့မဟုတ်) နောက်ပြန်ဆုတ်မိတဲ့ မီးရထား
၁၀။အထီးကျန်
၁၁။အောက်မေ့တတ်သူ
၁၂။ကားမောင်းသမားညီလေး
၁၃။မဖျားနဲ့ ဘုန်းမြတ်ကျော်
၁၄။ပန်းခြံ
၁၅။ကြေးစား
၁၆။ပုလင်းလွတ်မရှိတဲ့ကမ္ဘာ
၁၇။တနင်္လာမနက်
၁၈။စိတ်တိုင်းကျ(သို့မဟုတ်) ခင်အေးအေးဝင်း
၁၉။၃၁ ဘုံဝဏ္ဏ
၂၀။လင်းနို့
၂၁။စက်ရုံ
၂၂။စိုးရိမ်ရေမှတန်နဲ့ သူငယ်ချင်းများအကြောင်း
၂၃။အဖေ
၂၄။လက်ပတ်နာရီချွတ်ပေးလိုက်ရတဲ့ အရက်ဆိုင်
၂၅။အခုတယ်လီဖုန်းပြောနေတာ ဘယ်သူလဲ
၂၆။မျက်မှန်
၂၇။အိမ်သူအိမ်သားတို့သည်
၂၈။ကိုဘုန်း(သို့) ငါးသေးသေးလေးတစ်ကောင်
၂၉။ဆရာဝန်
၃၀။အတွေ့အကြုံ ၄၃
၃၁။မြေပုံကို ကြည့်ခြင်း
၃၂။လက်ဆောင်
၃၃။ကြာပန်း
၃၄။အညတရလမ်း
၃၆။ကိုယ်ထူကိုယ်ထပျော်ရွှင်ခြင်း
၃၇။လူငယ်စိတ္တဇ
၃၈။အိမ်
၃၉။ဒီနေ့ထိုင်ဖြစ်တဲ့စားပွဲမှာ
၄၀။နှစ်ကာလများအကြောင်းစဉ်းစားခြင်း
၄၁။စိတ်မပါတဲ့နေ့
၄၂။နတ်သမီးလမ်း
၄၃။ဝင်နီရဲ့ နောက်ဘဝ
၄၄။လူကြောက်ကလေး
၄၅။အကြောင်းအမျိုးမျိုး တွန့်ကြေနေ
၄၆။ဖုန်များ
၄၇။တနင်္ဂနွေဘဝ
၄၈။အထီးကျန်ခြင်း
၄၉။ငါးဖမ်းသမား
၅၀။သူငယ်ချင်းမင်းပိုက်ဆံတွေလေးတယ်
၅၁။အားအားယားယား
၅၂။အေးအေးဆေးဆေးလမ်း


(p.s Thank you mom for this poem book)

No comments: