Wednesday, July 28, 2010

The Bottom Billion




Author Paul Collier
Language English
Publisher Oxford University Press
Publication date April 15, 2007
ISBN 978-0-19-531145-7



No. of Pages




Contents
Part I: What¿s the Issue?
A Personal Preface
Chapter 1: Falling Behind and Falling Apart: the Bottom Billion
Part II: The Traps
Chapter 2: The Conflict Trap
Chapter 3: The Natural Resource Trap
Chapter 4: Landlocked with Bad Neighbors
Chapter 5: Bad Governance in a Small Country
Part III: An Interlude: Globalization to the Rescue?
Chapter 6: On Missing the Boat: the Marginalization of the Bottom Billion in the World Economy
Part IV: The Instruments
Chapter 7: Aid to the Rescue?
Chapter 8: Military Intervention
Chapter 9: Laws and Charters
Chapter 10: Trade
Part V: The Struggle for the Bottom Billion
Chapter 11: An Agenda for Action
Research on Which This Book Is Based

Library of Congress Subject Headings for this publication:
Poor -- Developing countries.
Poverty -- Developing countries.






Summary: Global poverty, economist Collier points out, is actually falling quite rapidly for about 80% of the world. The real crisis lies in a group of about 50 failing states, the bottom billion, whose problems defy traditional approaches to alleviating poverty. Here, Collier contends that these fifty failed states pose the central challenge of the developing world in the twenty-first century. This group of small nations, largely unnoticed by the industrialized West, are dropping further and further behind the majority of the world’s people, often falling into an absolute decline in living standards. A struggle rages within each of these nation between reformers and corrupt leaders--and the corrupt are winning. Collier analyzes the causes of failure, and offers a bold new plan.--From publisher description.


စာရင်သွင်းဖို့အတွက်ရှာလို့ရတာတွေကို online ကနေပဲရှာလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ပြောရရင်တော့ နိုင်ငံအတွက် တစ်ခုခုလုပ်မယ့်သူတွေနဲ့ စကားလုံးကြီးကြီးပြောချင်လို့ မှတ်ထားချင်တဲ့ နိုင်ငံရေးသမားတွေဖတ်သင့်တဲ့စာအုပ်မျိုးပါပဲ။ ဒီ စာအုပ်က တစ်ချို့အခန်းတွေကို post အနေနဲ့ရေးဖြစ်ခဲ့တဲ့အတွက် Paul Collier ရဲ့ အမြင်နဲ့ရှူထောင့်ကို သဘောကျပါတယ်။ ကိုယ့်နိုင်ငံကြီး ဘာလို့မွဲမှန်းမသိတာကနေ ...ဒီလိုဆိုတော့လည်းမွဲအောင်နေလို့မွဲတာပေါ့လို့နားလည်မိပါတယ်။ ပညာတတ်တွေ အသိုင်းအ၀န်းမှာ သုံးကြတဲ့စကားလုံးတစ်ခုရှိပါတယ်။
Reinventing the wheel လို့ခေါ်ပါတယ်။ ဥပမာ တခြားနိုင်ငံမှာ ကားတစ်စီးထုတ်လုပ်ဖို့ကို သုတေသနပေါင်းမြောက်များစွာလုပ်ပြီး ထုတ်လာတာ ပြဿနာတွေအမျိုးစုံဖြေရှင်းလာတာ နှစ်တစ်ရာရှိပြီဆိုပါတော့။ အဲဒါကို ကျွန်တော်တို့က သခင်မျိုးဟေ့ ဆိုပြီး အစကနေ ပြန်လုပ်ကြည့်မယ်ကွာဆိုရင် ဒီပြဿနာတွေကို တစ်ကနေပြန်စရသလိုဖြစ်ပါတယ်။ လုပ်ဖို့မလိုတော့တာကို ပြန်လုပ်ရင် ရဖို့မလိုတော့တဲ့ပြဿနာပြန်ရပါတယ်။ အဲဒါမျိုးကို ရှောင်နိုင်ဖို့ကို ပညာသင်ကြရတာပါ။ ပညာတော်သင်လွှတ်ကြတာပါ။ နောက်ပြီး ပညာရှင်အဖွဲ့အစည်းနဲ့ Think tank တွေဖွဲ့စည်းကြတာပါ။ ဒါကို နားမလည်ဘူးဆိုရင် ဂျာအေးကို သူ့အမေက ရိုက်ပြီးရင်းရိုက် ... မုန့်လုံးကို စက္ကူကပ်ပြီးရင်းကပ်နေမှာပါပဲ။ ကျွန်တော်တို့ Reinventing the wheel ကိုရှောင်လိုက်နိုင်ပြီဆိုရင် ပိုလာတဲ့အချိန်နဲ့စွမ်းအားကို ဘယ်နေရာမှာ သုံးမလဲ ... အဲဒီမေးခွန်းကို တိတိကျကျဖြေနိုင်တဲ့ လူတော်တွေ နေရာရလာရင် တိုင်းပြည်လည်း ကြီးပွားလာမှာပါပဲ။ သန်းတစ်ထောင်ထဲမှာ ကိုယ့်နိုင်ငံ မပါဖို့ ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်။ ကိုယ်လုပ်နိုင်တဲ့ဘက်က အကောင်းဆုံးလုပ်ရင်း တကယ်အကျိုးရှိတဲ့ NGO တွေကို ထောက်ပံ့ခြင်းအားဖြင့် ကျွန်တော်တို့ မျှော်မှန်းတဲ့နေ့တစ်နေ့ရောက်လာဖို့ ...၊ လူငယ်တွေကို ပညာတကယ်တတ်လာဖို့ ကူညီပေးမယ်ဆိုရင်မကြာခင်မှာပဲ အရှေ့တောင်အာရှမှာ အထင်သေးခံရတဲ့ဘ၀ကနေ အမြန်ဆုံးလွတ်နိုင်ပါတယ်။ .... ဒီအတွေးတွေဟာ Paul Collierရဲ့ Bottom Billion စာအုပ်ကနေ ဆန့်ထွက်လာတဲ့ အတွေးတွေဖြစ်ပါတယ်။


Notes:
တကယ်ဖတ်ချင်ရင်တော့ အိမ်မှာ လာဖတ်လို့ရပါတယ်။
စာအုပ်တွေကို ငှားလိုက်ဖို့စိတ်ကူးမရှိတဲ့အတွက် ဖတ်ချင်ရင် အိမ်မှာ လာဖတ်ပါ။
စည်းနဲ့ကမ်းနဲ့ဖတ်တတ်တဲ့သူတွေကို ပေးဖတ်ဖို့ဝန်မလေးပါဘူး။



No comments: