Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Monday, April 26, 2010

မြစ်ကျဉ်းသုံးခု - ဧထက်၊မနော်ဟရီ၊ စမ်းသီတာ

မြန်မာကဗျာလောကမှာ ကဗျာဆရာ အုပ်စုတွေရှိပါတယ်။ တစ်ခါက တက္ကသိုလ်တွေမှာ စုဖွဲ့ထားတဲ့ကဗျာဆရာအုပ်စုလေးဖြစ်တဲ့ ရာစုသစ်မြစ်ကျဉ်းအဖွဲ့ကို သိကြမှာပါ။

အခုမြစ်ကျဉ်းသုံးခုမှာ ...သူငယ်ချင်းသုံးယောက် ပြန်လည်ဆုံတွေ့ထားတာကို တွေ့ရပါမယ်။ ၁၉၉၀ နဲ့ ၂၀၀၈ အတွင်းက ကဗျာဆရာသုံးယောက်မြင်ခဲ့ရတဲ့ကမ္ဘာကြီး ...ဒါမှမဟုတ် ... သူတို့တွေ ဖြတ်သန်းစီးဆင်းခဲ့တဲ့ .... မြေနိမ့်ဒေသများ ....။

ိကိုယ်မောင်မြင့်ရဲ့ လှပတဲ့ လက်ရေးနဲ့အတူ .... စီးဆင်းသွားတဲ့ ရေးစီးကြောင်းတွေ .... သုံးခုစလုံး သူ့အရှိန်နဲ့ သူ့ဂီတနဲ့ ....လှပနူးညံ့စွာပါပဲ။


၎.

Category- Poem

Author- Aye Htet (ဧထက်), Manorhary(မနော်ဟရီ), San Thida(စမ်းသီတာ)

Title- မြစ်ကျဉ်းသုံးခု

Publisher- ကြောင်နှစ်ကောင်စာအုပ်တိုက်

Published Date- 2009 Jan

Price -၁000 kyats

No. Of Pages-60





စမ်းသီတာ

၁။ခရီးတစ်ခုရဲ့ချိုမြိန်ခြင်း

၂။ခွင့်လွှတ်ခြင်း နှစ်သစ်

၃။လွမ်းဆွတ်ခြင်း

၎။နေမင်းနဲ့လမင်း

၅။မုန်တိုင်းနှင်းဆီ

၆။မှာချင်တယ်

၇။ပြတ်စဲမိုး

၈။လိပ်ပြာလေးရေ

၉။ကလောရဲ့ဆောင်း

၁၀။အချစ်ကိုတွေ့ရှိခြင်း

၁၁။မြေနဲ့ဝေးသွားတဲ့လေပြည်

၁၂။ဆက်ရန်မရှိ

၁၃။ကြည်လင်သော

၁၄။မေတ္တာလရောင်

၁၅။အလွမ်းဖျား

၁၆။နေကောင်းပါစေ

၁၇။မုန်တိုင်း

၁၈။အတွေးကောင်းကင်

၁၉။အဖြူရောင်မှတ်တမ်း

၂၀။ကဗျာသူငယ်ချင်း


မနော်ဟရီ

၂၁။အဖွင့်

၂၂။ဆုတောင်း

၂၃။အချိန်

၂၄။နောင်တ

၂၅။သေတမ်းစာ

၂၆။ဒိုင်ယာရီများ

၂၇။အမြဲစိမ်းမိုး

၂၈။အိမ်ပြန်ချင်တယ်

၂၉။ရေလွှမ်းမိုးခြင်း

၃၀။အဖြူရောင်

၃၁။လိုအပ်ချက်

၃၂။ကိုယ့်ကိုယ်ကို စစ်ဆေးခြင်း

၃၃။ငယ်ငယ်တုန်းက မကြည့်ဖြစ်ခဲ့တဲ့ရုပ်ရှင်

၃၄။နောဧသင်္ဘောပေါ်ကည

၃၅။ဒီဇင်ဘာဆုတောင်း

၃၆။ကံမကောင်းတဲ့နေ့


ဧထက်

၃၇။အဖွင့်

၃၈။အင်္ကျီတစ်ထည်လောက်

၃၉။သက်သေ

၄၀။သက်သေ ၂

၄၁။အခြေအနေအရ

၄၂။ဘာသာပြန်ကဗျာ

၄၃။Dialouges & Question

၄၄။သံသရာ

၄၅။ချစ်သူကိုဖြောင့်ချက်ပေးဖို့ ကိုယ့်အကြောင်းကို ရေးဖွဲ့ခြင်း

၄၆။မှန်ကြည့်ပြီးရေးတဲ့ကဗျာ

၄၇။စီးချင်းထိုးတဲ့ည

၄၈။ခါကာဘိုရာဇီမှ ပိတ်စများ

၄၉။မြစ်ကျဉ်းထဲခုန်ချခြင်း



ဇေယျာလင်း -တကယ့်ဘ၀ (စကားပြေကဗျာများ)



ကဗျာဟာ အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်လာပါတယ်။
အရင်ခေတ်က ကဗျာတွေထဲမှာ ဘောလယ်တွေရေးပြီးလွမ်းနေတာတွေ .... ပျို့တွေ၊ရတုတွေနဲ့ နုရွလှပနေတာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခုခေတ်မှာ သိပ်ခံစားလို့မရတော့ပါဘူး။ အနည်းဆုံး ကျွန်တော်ကတော့ ခံစားလို့မရတာ့ပါဘူး။ သုစိပုဘာ ဆိုပြီး ကျွန်တော့်ကို အစကပြန်သင်မယ်ဆိုလည်း နားမထောင်ချင်တော့ပါဘူး။ မဟာဒုက္ခတွင်းဆုံးကျဆိုတာလေးကို ခပ်ဖွဖွရွတ်ရင်း ခံစားနေတတ်တဲ့လူကြီးသူမကြီးတွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ သုံးချက်စည်တော် ရိုက်ဆော်ညှင်းတယ်လေး ဆိုတာကို ကျွန်တော်တို့မခံစားနိုင်တော့ပါဘူး။ မ၀ယ်ဘူး မယ်ခူးတဲ့ဖက်စို ...မီးမကူနေပူမှာမကင်အားလို့ ထားရတယ် အိပ်ရာအောက်မှာ မင်းသောက်ဖို့ကို ဆိုတာကြီးကိုလည်း မခံစားတတ်ပါဘူး။ ကင်ဆာဖြစ်စေတဲ့ကဗျာထဲထည့်လိုက်ပါတယ်။ မြကန်သာ တောင်ကျချောင်းတေးဆိုရင်လည်း မခံစားရပါဘူး။ ကျွန်တော်တို့ရင်ထဲကို ရှေးကဗျာတွေမရောက်တော့ပါဘူး။

ကဗျာရဲ့ ဖြတ်သန်းစီးဆင်းမှုမှာ ခေတ်တွေရှိပါတယ်။ ခေတ်တစ်ခုထဲက ကဗျာနဲ့လူတွေဟာ ခေတ်ရဲ့ကဗျာကို အကောင်းဆုံးနားလည်ကြပါတယ်။ ကဗျာကလည်း ခေတ်နဲ့အတူစီးဆင်းလာပါတယ်။ လိုအပ်တဲ့အခါ ကဗျာက ဒဿနလည်းပြောမယ် ...။ ခင်များမက်တဲ့ အိမ်မက်တွေ သူလည်းမက်ဖူးကြောင်း ... သူလည်းအပြစ်သား မဖြစ်ချင်လို့ ကိုးကွယ်သည့်ဘာသာမှာ ကွက်လပ်ထားလိုက်ကြောင်း ကဗျာတွေကပြောမယ်။ သူကချည်းပြောနေတာကြာလာတဲ့အခါ ကဗျာက ပြန်နားထောင်တယ်။ ခင်များပြောရမယ့် အလှည့်တဲ့ ...။ ကဗျာက အတူတူဆွေးနွေးမယ် ဆိုပြီးဖြစ်လာတယ်။ ကဗျာက နိမိတ်ပုံတွေနဲ့ စနစ်တကျ စီစဉ်ထားထားတွေကို ပျင်းတဲ့အခါ စနစ်တကျ Chaos ဖြစ်လာတယ်။ အဲဒါကို ဘာသာဗေဒကဗျာတွေထဲမှာတွေ့ရတယ်။ အခုကဗျာကတော့ Prose အမျိုးအစားပါ။ လေ့လာမှုအားကောင်းတဲ့ ဇေယျာလင်းဟာ ကမ္ဘာ့ကဗျာနဲ့ မြန်မာ့ကဗျာကို ပေါင်းစပ်တီထွင်ပြီး ကဗျာကို ဆန့်ထုတ်ပြီး ကဗျာ အတူဆွေးနွေးတဲ့ ကဗျာဖတ်သူလူတန်းစားတစ်ရပ်ကိုတောင်းဆိုလာပါတယ်။

ကဗျာတွေကို ဖတ်ရင် ပထမဆုံးဝိသေသက လွယ်လွယ်နဲ့ နားလည်မယ်လို့ သိပ်အများကြီးမမျှော်လင့်ထားပါနဲ့ဆိုတာပါပဲ။ နာမည်ကျော် မုတ်ဆိတ် ကဗျာနဲ့ အတူ ထင်ရှားလာတဲ့ ဇေယျာလင်းဟာ သူယုံကြည်တဲ့ အနုပညာနဲ့သူ့ဘာသာသူရှေ့ဆက်နေပါတယ်။ ကဗျာနဲ့ပတ်သက်တဲ့ စာတွေကိုလည်း ဆက်လက်ရေးသားဖြန့်ချိနေပါတယ်။

ကျွန်တော်ဟာ ဇေယျာလင်း ကဗျာတွေကို သိပ်ကြိုက်တဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အားထုတ်မှုကိုတော့ ၁၂၀ ရာခိုင်နှုန်း အသိအမှတ်ပြုချီးကျူးနေမိပါတယ်။ သမားရိုးကျတွေများတဲ့ အသိုင်းအ၀န်းထဲမှာ ဇေယျာလင်းဟာ အသွားပြောင်းပြန်ဓားတစ်လက်လည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့တွေရဲ့စိတ်ကို ဖွင့်လှစ်ကြည့်ဖို့ သိပ်တောင်းဆိုလွန်းတဲ့သူ့ကဗျာတွေကို ခင်များကြိုက်ချင်မှကြိုက်မယ် ...။ ဒါပေမယ့် မဖတ်လို့တော့မဖြစ်ဘူးဆိုတာကိုပြောချင်ပါတယ်။

Prose ကဗျာတွေကို သဘောကျတတ်တဲ့အတွက် မြန်မာပြည်သား Prose ကဗျာရေးသူတစ်ယောက်ကို လေးလေးစားစား ချီးကျူးနေမိပါတယ်။

(ကဗျာဆရာမို့လို့ ဦး၊ကို၊ဒေါ်၊မတွေ တပ်ပြီးမရေးပါဘူး။ အပြင်မှာတော့ ဆရာဦးမြင့်အောင်ဖြစ်စေ၊ ဆရာဖြစ်စေ ခေါ်ရမယ့်သူမျိုးပါ။)


၃.
Category- Poem
Detailed Classification- Prose Poem (စကားပြေကဗျာ)
Author- Zayar Lin (ဇေယျာလင်း)
Title- တကယ့်ဘ၀ (စကားပြေကဗျာများ)
Publisher- နှစ်ကာလများ စာပေ
Published Date- 2009 Aug
Price -၁000 kyats
No. Of Pages-28

၁။ ဒီစာကိုဖတ်ပြီးရင် မနက်ဖြန်ကို မှတ်မိမှာမဟုတ်ဘူး
၂။ကျွန်တော်ခင်ဗျားရဲ့ လေဟာနယ် နည်းနည်းယူမယ်နော်
၃။နယ်နမိတ်များကိုလေ့လာခြင်း
၎။မြင်ကွင်းတွေပေါ်မှာ မြူလိုလိုမျိုး
၅။ခံစားမှုရုန်းကြွ အနေအထား
၆။သဘာဝဆိုတာလည်းမကျ၊ အဓိပ္ပာယ်ဆိုတာလည်းမရှိ
၇။ဟုတ်တိုင်းမှန်စွာ တိတိကျကျ တစ်ပြားမလျှော့

(p.s Thank you mom for this poem book)


Tuesday, March 9, 2010

ဝင်းမောင် - အပြုံးရောင်သီချင်း


စာအုပ် Review လေးတွေရေးမလို့ပါ။
အတော်လေး ပျော်စရာကောင်းမယ်လို့ထင်ပါတယ်။ အင်မတန် အချိန်ပေးရတဲ့အလုပ်ပါ။
အသက်ကြီးလာတဲ့အခါ စာကြည့်တိုက်တစ်ခု အမွေရမှာဆိုတော့ အခုကတည်းက စာအုပ်တွေကို စနစ်တကျ အမျိုးအစားခွဲပြီး သတ်မှတ်တတ်တဲ့ အကျင့်ကို စလုပ်နေပါပြီ။ Review မရေးခင်မှာ စာအုပ်တွေကို စာရင်းအရင်လုပ်ပါဦးမယ်။

အတော်ပျော်စရာကောင်းပါတယ်။ စာအုပ်တွေကို တစ်အုပ်ချင်း အဖုံးတွေ scan ဖတ်ပြီး crop ဖြတ် ... တစ်ခုချင်းစီစာရင်းလုပ် ...။ စိတ်ဝင်စားစရာကောင်းပါတယ်။ Library Info System အကြောင်းဖတ်ပြီး အားတဲ့ အခါ Computerized လုပ်ထားဖို့စိတ်ကူးပါတယ်။ ... အဲဒီလို computerized လုပ်ဖို့ programming ဆိုလားဘာလား အဲဒါလည်း သင်ချင်ပါသေးတယ်။ ဒေတာဘေ့စ်ဆိုတဲ့ ပုံးထဲမှာ ဒေတာတွေကု ထည့်ထားရင် မပုပ်မသိုးဘူးဆိုတလာလည်း စိတ်ဝင်စားပါတယ်။ :P


၁.
Category- Poem
Author- Win Maung (၀င်းမောင်)
Title- အပြုံးရောင်သီချင်း
Publisher- အလင်းငှက်များ အနုပညာ
Published Date- 2003 July
Price -700 kyats
No. Of Pages-63

၁။ရေနဲ့ရေးသောနာမည်များ
၂။တစ်နေ့သ၌
၃။မွေးနေ့လက်ဆောင်
၎။ခြေလှမ်းများ နေ့တစ်နေ့၏
၅။ ချစ်သော ကမ္ဘာမြေ
၆။ဘ၀၏ လက်ပြန်ရိုက်ချက်
၇။မိမိ၏ခြေသံကိုရေတွက်ခြင်း
၈။၁၉၉၁
၉။ချုပ်ရိုးပေါ်ကနွေ
၁၀။သူနှင့် အခြားသော အရာများ
၁၁။ တစ်ယောက်တည်း တည့်အောင်နေခြင်း အစီအစဉ်
၁၂။ဘ၀၏ အလွမ်းဇတ်ခုံ
၁၃။အိတ်ဆောင် အဘိဓာန်
၁၄။လောကကို ပြိုင်တူပြုံးမိခြင်း
၁၅။တေးဆိုတဲ့ဝိညာဉ်
၁၆။အိမ်အပြန်
၁၇။ထမင်းလုံးတစ္ဆေ
၁၈။ဘ၀၏ဒေသနာ အလင်းစက်များ
၁၉။နံနက်စောစော ရယ်မောခြင်း
၂၀။ဘ၀၏ခရီး
၂၁။မိတ်ဆွေဖွဲ့ခြင်း
၂၂။အပြုံးရောင်သီချင်း
၂၃။သမီး
၂၄။တစ်ယောက်တည်းမှောင်နေတဲ့ အလကားကောင်
၂၅။ဒုလ္လဘ
၂၆။ကော်ဖီသောက်ရင်း စဉ်းစားခြင်း
၂၇။မနက်ဖြန်သုံးစရာ စကားလုံးရှာခြင်း
၂၈။မီး
၂၉။ငါ့သူငယ်ချင်းသို့
၃၀။သမုဒယလက်ခုပ်သံ


(p.s စာအုပ်ကို အိုင်လွယ်ပန်+ အမရာပန်တို့မှ လက်ဆောင်ပေးတာဖြစ်ကြောင်း။)